Data Deletion Instructions
နောက်ဆုံးပြင်ဆင်သည့်နေ့: June 15, 2026
ZayBot နှင့် ချိတ်ဆက်အသုံးပြုထားသော သင့်အချက်အလက်များကို ဖျက်ပစ်ရန် အောက်ပါနည်းလမ်းဖြင့် တောင်းဆိုနိုင်ပါသည်။
တောင်းဆိုနည်း
- ZayBot Facebook Page သို့ Messenger မှ “Delete My Data” ဟု ပေးပို့ပါ။
- သို့မဟုတ် Website ရှိ Demo form တွင် “Data deletion request” ဟုရေးပြီး ဆက်သွယ်နိုင်သော ဖုန်းနံပါတ်ထည့်ပေးပါ။
- သင့် account ကို ခွဲခြားနိုင်ရန် Messenger profile name သို့မဟုတ် Telegram user ID ကို ပေးပို့ပါ။ Password၊ OTP သို့မဟုတ် ငွေကြေးလျှို့ဝှက်ချက်များ မပေးပို့ပါနှင့်။
ဆောင်ရွက်ချိန်
တောင်းဆိုသူ၏ အထောက်အထားကို စစ်ဆေးပြီး ၇ ရက်မှ ၃၀ ရက်အတွင်း သက်ဆိုင်ရာ conversation၊ profile နှင့် order-related data များကို ဖျက်ပစ်ပါမည်။ ဥပဒေအရ ထိန်းသိမ်းရန်လိုအပ်သော transaction record များရှိပါက လိုအပ်သည့်ကာလအထိသာ သီးခြားထိန်းသိမ်းနိုင်ပါသည်။
ဖျက်ပစ်မည့် အချက်အလက်များ
- Conversation memory နှင့် customer profile data
- Messenger သို့မဟုတ် Telegram platform identifier
- မလိုအပ်တော့သော order နှင့် support request data